#Local_News
Published_ 26 March 2024


ယခုဘဏ္ဍာနှစ်အတွင်းသစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း၆၀ ကျော်ဖိုး ပြည်ပသို့ရရှိခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ယခု၂၀၂၃-၂၄ဘဏ္ဍာနှစ် ၂၀၂၃ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်မတ်လ ၁၅ရက်နေ့အထိ ဆယ်တစ်လခွဲကာလအတွင်း သစ်တောထွက်ပစ္စည်းအမေရိကန်ဒေါ်လာ ၆၀သန်း ကျော်ဖိုး ပြည်ပသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင်ဆယ့်တစ်လခွဲကာလအတွင်း သစ်တောထွက်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ (၆၃ဒသမ၉၇၁) သန်းရှိရာ နိုင်ငံပိုင်တင်ပို့မှုမှအမေရိ ကန်ဒေါ်လာ(ဝဒသမ၇၇၇)  သန်း  နှင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၃ဒသမ၁၉၄) သန်း  တင်ပို့ထားသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တောထွက်အပြင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှု့ကုန်ချောနှင့်  အခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ ရာပြည်ပပို့ကုန်တင်ပို့မှု စုစုပေါင်းမှ အမေရိကန်ဒေါ်လာ(၁၃၉၈၅ဒသမ၀၂၂)သန်းရှိကြောင်း သိရသည်။

 

#Local_News #အမေရိကန်ဒေါ်လာသန်း၆၀ #ပြည်ပသို့ တင်ပို့ရောင်းချ #YMG /NN #Yangon-Times