#Local_News
Published 26 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက် တညင်းကုန်းဈေးရှိ လူနေအိမ်တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်သွားရောက်ကူညီပေးသည့်ပရဟတိအသင်းများထံက သိရသည်။

 

မတ်လ ၂၆ရက် မနက် ၉နာရီ၄၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရွှေလင်ဗန်းစက်မှုဇုန် သီးသန့်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ တွင် မီးငြှိမ်းသွားကြောင်း သိရသည်။

 

"ဈေးဝန်းထဲက လူနေတိုက်ခန်းအပေါ်ဆုံးလေးလွှာမှာ လောင်တာ မီးကအရမ်းတော့မများဘူး အခန်းထဲပဲ လှိုက်လောင်သလိုဖြစ်တာ အိမ်တွင်းပရိဘောဂတွေတော့ လောင်သွားတယ်"ဟု သွားရောက်ကူညီပေးသည့် ပရိဟိတအသင်းမှတာဝန်ရှိသူက ပြောသည်။

 

မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

Photo -Thurein Tun-FB
#Local_News #နေအိမ်တိုက်ခန်း မီးလောင်မှုဖြစ် #YMG/LW #Yangon_Times