#Local_News
Published 17 March 2024


မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)မှကြီးမှူး၍"မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" ကန်သာယာ စျေးဝယ်စင်တာ၌ (၃)ရက် တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

၂၀၂၄-ခုနှစ်၊ မတ် (၂၄၊၂၅၊၂၆)ရက်နေ့များတွင် Wyndham Hotel ၏ ကန်သာယာစျေးဝယ်စင်တာ(Shopping Mall) တွင် ကျင်းပမည်ဖြစ်သည်။

 

အခုနှစ်တွင် ဆိုင်ခန်းပေါင်း (၅၆)ခန်းခင်းကျင်းရောင်းချနိုင်ရန်ပြင်ဆင်ထားပြီး သင်္ကြန်အငွေ့ အသက်သီချင်းများ၊စတုဒိတာ‌များလည်း ပြင်ဆင်ထားမည်ဟုဆိုသည်။

 

(၃)ရက်တာ ကျင်းပမည့် သင်္ကြန်အကြို စျေးရောင်းပွဲတော်ကြီးအတွက် ဆိုင်ခန်းနေရာများကိုလည်း  အသင်းဝင်များရော အသင်းဝင်မဟုတ်သူများကိုပါ ရောင်းချပေးနေပြီးပြည်တွင်း MSMEs လုပ်ငန်းရှင်များမှ ချက်ချင်း ဝယ်ယူကြရာဆိုင်ခန်းနေရာစုစုပေါင်း၏ 25% ကို တစ်ထိုင်တည်းရောင်းချပြီးဖြစ်သည်ဟုဖော်ပြထားသည်။

 

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)၏ ဒုတိယအကြိမ် "မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" အတွက် ရှင်းလင်းပွဲ အခမ်းအနားကို UMFCCI တွင် ကျင်းပခဲ့ရာMOU ရေးထိုးထားသော မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ပြည်တွင်းမှ MSMEs လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်းသိရသည်။

 

ဆိုင်ခန်းဖြင့် ရောင်းချရန်စိတ်ဝင်စားသူများအနေ ဖြင့်UMBEEA အသင်း Page မှ လည်းကောင်းViber no. 095107724 သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

#Local_News #ကန်သာယာစျေးဝယ်စင်တာ #"မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် #tthl #Yangon_Times