#Local_News
Published 17 March 2024

'မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့'အကြိုလှုပ်ရှားမှုအဖြစ်လူနာ(၂၅၀)ကိုတိုင်းရင်းဆေး သမားတော်ကြီးများမှတိုင်းရင်း‌ဆေးပညာဖြင့် ကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

လူနာများ၏သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ ရောဂါများ၊ အာရုံကြောအားနည်း ရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေးသူငယ်နာရောဂါများနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၂၅၀ ကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဆေးကုသခြင်းအစီအစဉ်ကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှဆေးရုံအုပ်ကြီး ဒေါ်မူမူချိုပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေးသမားတော်ကြီးများကကုသပေးခဲ့ ခြင်းဖြစ်သည်။

 

 ဆေးကုသခြင်းကို နေပြည်တော်အမျိုး သားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ၌ကျင်းပရာကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လာရောက်ပြသသည့်လူနာများကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးခဲ့‌ကြောင်း သိရသည်။

 

#Local_News #တိုင်းရင်း‌ဆေးပညာဖြင့်ကုသပေး #tthl #Yangon_Times