#Local_News
Published 17 March 2024


တစ်လအတွင်း တရားမဝင်ကုန်သွယ်မှု(၈၀)မှု ဖမ်းဆီးရမိ၊သတင်း‌ပေးသူများကိုဆုကြေးငွေ( ၈၀၃.၅၆၄)သန်းချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။

 

 ပြီးခဲ့သည့် ဖေဖော်ဝါရီလက တာဝန်သိပြည်သူသတင်းပေးမှု ၈၇ ကြိမ်ရှိခဲ့ရာ သတင်းမှားငါးကြိမ်နှင့် နောက်ကျသတင်း နှစ်ကြိမ်ရှိခဲ့ပြီး ဖမ်းဆီးရမိမှုအကြိမ် ၈၀ တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇ ဒသမ ၈၂ သန်းရှိခဲ့သည်ဟုဆိုသည်။

 

အဆိုပါဖမ်းမိတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ရာ စုစုပေါင်းကျပ် ၈၀၃ ဒသမ ၅၆၄ သန်းကို ချီးမြှင့်သွားမည်ဟု သိရသည်။ 

 

သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုသတင်းများကို သိရှိလိုပါက ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ်- antiillegaltradeinfo@gmail. com သို့ အချိန်မီဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် တာဝန်သိနိုင်ငံသား ပြည်သူတစ်ဦးအဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

#Local_News #ကုန်သွယ်မှု(၈၀)မှုဖမ်းဆီးရမိ #ဆုကြေးငွေသန်း(၈၀၀)ကျော်ချီးမြှင့် #tthl #Yangon_Times