မလေးရှား အစိုးရ အနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့် လာမယ့် မေလ ၃၁ရက်အထိသာ လက်ခံတော့မယ်လို့ ကြေညာလိုက်ပြီး အလုပ်သွားရောက်လုပ်မယ့် လုပ်သားတွေရဲ့ Calling Visa ဗီဇာလျှောက်ထားမှုကိုလည်း ယခုမတ်လ ၃၁မှာ စတင်ပိတ်မှာဖြစ်ပါတယ်။ Calling visa ကျထားတဲ့ သူတွေအနေနဲ့ မေလ ၃၁ရက်အမှီ မလေးရှားသို့ ဝင်ရောက်ရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လက်ခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

#Local_News
Published_ 4 March 2024
#Calling visa #နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား
#YMG/LW #Yangon_Times