#Local_News
Published 4 March 2024


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

 

မတ်လ ၄ရက် မနက် ၁၁နာရီ ၂၀မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၄၀မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှု တန်ဖိုး ကိုသက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #မြို့မ၂ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times