Published:28 November 2021

ကိုဗစ်​စတုတ္ထလှိုင်း ဖြစ်ပွားလာပါက ကျန်းမာ​ရေး​​စောင့်​ရှောက်မှုများကို ပြုလုပ်​ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ ရှိ ရန်ကင်းကိုဗစ်ကုသ​ရေးစင်တာတွင် လူနာ(၆၀၀)အထိ လက်ခံကုသ​ပေးနိုင်ရန် ကြိုတင် ပြင်ဆင်မှု​တွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။

 ထို့အပြင် ကိုဗစ်လူနာများ အသုံးပြုနိုင် အောက်စီဂျင် အသက်ရှုစက်​များ အပါအဝင် ​အောက်ဆီဂျင်ထပ်မံဖြည့်တင်းနိုင်မည့် ၁၀ တန်ဆံ့ Liquid အရည်အိုးများ ကိုလည်း အဆိုပါ ရန်ကင်းကိုဗစ်ကုသ​ရေးစင်တာမှာစီစဥ်​ပေးထား​တယ်လို့ ဆိုပါတယ်။

 "ကျ​နော်တို့ အဖွဲ့​တွေက အားလုံးရယ်ဒီဖြစ်​အောင်​တော့ ကြိုတင်ပြင်ဆင်မှု​တွေကို ပြုလုပ်ထားပါတယ်။ ကျ​နော်တို့ ရန်ကင်းကိုဗစ်စင်တာမှာဆိုရင် လူနာ ၆၀၀ ​လောက်အထိ လက်ခံကုသ​ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်။ အောက်ဆီဂျင်အိုး​တွေကအစ​ပေါ့​လေ။ ကိုဗစ်လှိုင်း ပြန်စလို့ရှိရင် ကူညီ​ပေးနိုင်ဖို့ လူမှု​ရေးအသင်းအဖွဲ့​တွေအားလုံးနဲ့လည်း ချိတ်ဆက်​ဆောင်ရွက်ထားပါတယ်။ ​ပြောရရင် ကျ​​နော်တို့စင်တာမှာ ဆရာဝန်​ရော သူနာပြု​ရော အားလုံး အဆင်သင့်ရှိ​နေပါတယ်။ ​နောက်လုပ်အား​ပေး Volunteer ​အ​ယောက် ၃၀ ​လောက်ကိုလည်း ကျ​နော်တို့ စုဖွဲ့ထားသလို ​နောက်လူနာတင်ယာဥ် ၂၆ စီးကိုလည်း ရယ်ဒီ အ​နေအထား ကျ​နော်တို့ အသင့် ပြင်ဆင်ထားပါတယ်။"လို့ လူမှုကူညီကယ်ဆယ်အဖွဲချုပ်(YRO - ဥက္ကဌ) ဦးထွန်းထွန်းဦး က ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

 လက်ရှိမှာ အဆိုပါ ရန်ကင်းကိုဗစ်ကုသ​ရေးစင်တာတွင် ကိုဗစ်လူနာအချို့ကိုလည်း ဆက်လက်၍ ​ဆေးဝါးကုသမှု​ပေး​နေတယ်လို့ ၄င်းက ဆိုပါတယ်။

 Corona Virus မျိုးကွဲသစ်ဖြစ်တဲ့ အို​မေခရွန်(omicron)ကို လက်ရှိမှာ တောင်အာဖရိက၊ ဘော့စွာနာ၊ ဟောင်ကောင်နဲ့ ဘယ်ဂျီယံမှာ တွေ့ ရှိထားတာဖြစ်ပါတယ်။ အဆိုပါ ကိုဗစ်မျိုးကွဲသစ်ဟာ ကူးစက်မှုပိုမြန်ပြီး Mutation 32 ခု ပါဝင်လို့ အထူးသတိထားရမှာဖြစ်သလို ​ကမ္ဘာ့နိုင်ငံအချို့ မှာ ရောဂါဖြစ်ပွားမှု​တွေရှိ​နေပြီ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အ​ရေး​ပေါ် အသိ​ပေးထားပါတယ်။

 "အခုက စတုတ္ထလှိုင်းအတွက်​ ပြောသံ​တွေ ကြား​နေရတာ​ပေါ့။ ဥ​ရောပတို့ ဘာတို့ဆိုရင် ​လေယာဥ်လမ်း​ကြောင်း​တွေ ပိတ်တယ်လို့လည်းကြား​နေရပါတယ်။ ကျ​နော်တို့ မြန်မာနိုင်ငံမှာ​တော့ ​တွေ့ ရှိတာမျိုး မရှိ​သေး​ဘူး၊တရားဝင်​ကြေညာခြင်းမျိုး​တော့ မကြားရ​သေးဘူး။ဒါ​ပေမဲ့ ကျ​နော်တို့ အိမ်နီးနားချင်းနိုင်ငံ​တွေဖြစ်တဲ့ စင်ကာပူလို၊ ယိုးဒယားလို နိုင်ငံမျိုး​တွေမှာ​တောင် ကိုဗစ်ဖြစ်ပွားမှုနှုန်း​တွေက မြင့်​နေတဲ့အတွက် ကျ​နော်တို့ မြန်မာနိုင်ငံအ​နေနဲ့လည်း ​ရှောင်လွဲလို့မရနိုင်ဘူးလို့ ယူဆရတာ​ပေါ့​နော်၊ ဒါ​ကြောင့်လည်း ကျ​နော်တို့ မြန်မာနိုင်ငံအ​နေနဲ့ ကြိုတင်ပြင်ဆင်မှု​တွေကို ပြုလုပ်​ဆောင်ရွက်ထားတာပါ။"လို့ YRO ဥက္ကဌ ဦးထွန်းထွန်းဦး က ဆက်လက်​ပြောပြခဲ့ပါတယ်။

 

ဓါတ်ပုံ - ရန်ကင်းကိုဗစ် ကုသ​ရေးစင်တာ။