#Local_News
Published 13 February 2024


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားပေါ်တွင် ယာဉ်နှစ်စီးအရှိန်လွန်ပြီး တိုက်မိမှုတစ်ခုဖြစ်ပွားကြောင်း  လူမှုကူညီရေးအသင်းများထံမှ  သိရသည်။


  
ဖေဖော်ဝါရီ (၁၂) ရက် ည (၇)နာရီကျော် အချိန်ခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားပေါ်တွင် Toyota Hiace အံစာတုံးယာဉ်နှင့် Toyota Corolla Van ကားနှစ်စီး အရှိန်လွန်ပြီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဉ်နှစ်စီးမှာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။ 

 

#Local_News #ယာဉ်နှစ်စီးအရှိန်လွန်ပြီးတိုက်မိမှုဖြစ် #YMG/LW #Yangon_Times