#Local_News
Published-13 February 2024

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ တစ်နှစ်လျှင်ပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိနေပြီး တန်ချိန် ၁၀၀ ခန့်သာပြည်တွင်းသုံးစွဲနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ  သိရသည်။

 

ဇီပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များဖြစ်ကာ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိက ဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီးအတွင်း အစိုးရပိုင်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃,၀၀၀ ကျော် ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် နှမ်း ပျားရည်နှင့် ဇီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရသည်။

 

နှစ်စဉ် တန်ချိန် ၁၀၀ ခန့်ကိုသာပြည်တွင်း၌ စားသုံးလေ့ပြီး ဂျပန် အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရကြောင်း၊ ပြည်ပတင်ပို့မှုတွင် နေကြာပျားရည်သည် ဈေးနှုန်းအများဆုံးရရှိလျှက်ရှိကြောင်း သိရသည်။

 

#Local_News #ပျားရည်တန်ချိန်၃၀၀ခန့်ထွက်ရှိ #YMG/NN #Yangon_Times