၁၂ ဖေဖော်ဝါရီ

နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၇) နှစ်  မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၂ရက် ညမှာ  နေပြည်တော်  မြို့တော်ခန်းမ ဥပစာရင်ပြင်တွင်  တည့်ခင်းဧည့်ခံခဲ့ပါတယ်။

အဆိုပါညစာစားပွဲသို့ NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများတက်ရောက်ကြတာတွေ့ရပါတယ်။

အခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊နစက အဖွဲ့ဝင်  များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်အတူ NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ   နှင့်ကိုယ်စားလှယ်    များ၊   တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊  MSME. လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဗိုလ်ချုပ်မှူးကြီးက ထိုပုဂ္ဂိုလ်များ  အား တစ်ဦး ချင်းလိုက်လံနှုတ်ဆက်ခဲ့ကြောင်းလည်း နစကရဲ့   သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl