#LocalNews

Published - 26 Nov 2021

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအချို့ရှိခဲ့တယ်လို့နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယနေ့နံနက်ပိုင်းတွင် မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းမှ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ် ဦးစီး ဆရာ ၃ ဦးနှင့် ဆရာမ ၅ ဦးတို့ သည် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ရာ ၎င်းယာဉ်နောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ က မော်တော်ယာဉ် ၁ စီးဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ တယ်လို့ သိရပါတယ်။

မှော်စီစာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့သိုအရောက်လမ်းရဲ့ ညာဘက် ခြမ်းမှ လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့ လက်လုပ် ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဆရာ ၂ ဦး၊ ဆရာမ ၃ ဦး၊ အနီးဝန်းကျင်ရှိ ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁ ဦးနှင့် ကျောင်းသား မိဘ ၁ ဦးတို့ တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများအား ဖားကန့်မြို့ နယ် ပြည်သူ့ဆေးရုံသို့  ပို့ ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

#YangonMediaGroup