#Local_New
Published 1 February2024

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်အလုပ်သမား ၃၆,၀၀၀ ကျော်စေလွှတ်ထားကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့က မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း(MOEAA)မှအမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ထိုင်းနိုင်ငံသို့MOUစနစ်ဖြင့် အလုပ်သမား ၃၆၄၂၂ယောက်စေလွှတ်ခဲ့ပြီး ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်‌မှပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကဲ့သို့စေလွတ်ရန်အလုပ်ခေါ်စာများကို အွန်လိုင်းစနစ်ဖြင့်လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ဇန်နဝါရီလအတွင်းက အလုပ်ခေါ်စာ အစောင်ရေ ၁၁၂၆ စောင်ရှိခဲ့ရာတွင်အလုပ်သမား ၃၆၄၂၂ယောက်ကိုပြည်ပအလုပ်အကိုင် ရရှိရန်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်‌ကြောင်းသိရသည်။

ထို့အပြင် ထိုင်းနိုင်ငံကိုသွားရောက်မည့် MoU အလုပ်သမားများအဆင်ပြေစေရန် ရန်ကုန်-ဒွန်မောင်း လေကြောင်း ခရီးဖြင့်စေလွှတ်ခွင့်ပြုရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

ပြည်ပနိုင်ငံပေါင်း ၉၄ နိုင်ငံတွင် မြန်မာနိုင်ငံမှ လုပ်သား ၁၇ သိန်းကျော် သွားရောက်လုပ်ကိုင်‌နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံမှ တဆင့်ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွတ်မှုတွင် ထိုင်းနိုင်ငံသို့ အများဆုံးစေလွတ်ထားပြီး
မလေးရှားနိုင်ငံသို့ဒုတိယအများဆုံးစေလွတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon-Times