#Local_New
Published 1 February 2024

ဧရာဝတီတိုင်းဒေကြီးမှထွက်ရှိသည့်  နေလှန်းဆားများကို ရန်ကုန်နှင့်မန္တလေးတိုင်းသို့  အဓိက တင်ပို့ရောင်းချနေကြောင်းဆားထုတ်လုပ်သူ‌များထံမှသိရသည်။

အဆိုပါဒေသ၌တစ်နှစ်လျှင် ဆားတန်ချိန် တစ်သိန်းကျော်ထွက်ရှိလေ့ရှိပြီး နှစ်နှစ်ဆက်တိုက်အထွက်နှုန်းကောင်းမွန်နေပြီးလက်ရှိတွင်လည်းဈေးကောင်းရနေကြောင်းသိရသည်။

' ဒီကထွက်တဲ့ဆားကြမ်းတွေကိုရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကိုအဓိကတင်ပို့နေတယ်၊ဆားအထွက်ကမနှစ်ကလည်းများတယ်၊ဒီနှစ်လည်းများဦးမယ်လို့မျှော်လင့်နေပါတယ်၊ ရာသီက ဆားထုတ်တာကြိုက်တဲ့ရာသီမလို့လေ၊‌ ဈေးလည်းကောင်းပါတယ် ' ဟု ဧရာဝတီတိုင်းမှဆားတောင်သူတစ်ဦးက ပြောသည်။

လတ်တလောတွင်  ဆားချောတစ်ပိဿာ ကျပ် ၂၈၀   အထိဈေးနှုန်းရှိပြီးတစ်ပိသာလျှင်ကျပ်၅၀အထိ မြင့်တက်လာခဲ့ပြီးဆားကြမ်းတစ်ပိသာလျှင် ၁၇၀ကျပ်အထိ‌ဈေးနှုန်းရှိနေကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်  ၂၀၂၁-၂၀၂၂ ဆားရာသီ၌  မိုးရွာသွန်းမှုတွေကြောင့် တန်ချိန် တစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ဆားရာသီမှာ ရာသီဥတုကောင်းမွန်မှုကြောင့် တန်ချိန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ကာယခုနှစ်တွင် လည်းအယ်နီညိုရာသီဥတုကြောင့်အထွက်နှုန်းဆက်လက်ကောင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon-Times