#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ၇၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

ဖေဖေါ်ဝါရီလ ၂၁ရက် မှ ၂၅ ရက် အထိ ငါးရက်ကြာကျင်းပမည်ဖြစ်ကာ ထမနဲဆွမ်းအလှူ၊ဆွမ်းတော်ကြီးအလှူ၊ဆွမ်းဆန်စိမ်းအလှူနှင့်ဗုဒ္ဓပူဇာ၊ဓမ္မပူဇာ၊သံဃာ့ပူဇာ အလှူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖေဖေါ်ဝါရီ ၂၁ရက်မှ ၂၅ ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ
ဖေဖေါ်ဝါရီ ၂၂ရက်နှင့်၂၃ရက် နံနက်ပိုင်း တို့တွင် ထမနဲ ထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယခင်ကိုဗစ်မတိုင်ခင်က ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့အခြေနေအရ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်းခြင်း မပြုလုပ်တော့ကြောင်း သိရသည်။
#YMG/LW #Yangon Time