#LocalNew
Published 1 February 2024

ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။

ရနောင်းခရိုင် စူခ်ဆမ်ရာစစ်ဆေးဂိတ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၇ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင်တာဝန်ရှိသူများက ဖမ်းဆီးရမိကြောင်းသိရှိရသည်။

အဆိုပါ အလုပ်သမားများသည် Border Pass ဖြင့်နယ်စပ်မှဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ပြီး  ရနောင်းခရိုင်စူခ်ဆမ်ရာမြို့ နာခါကျေးရွာ အုပ်စု ၁ လှေဆိပ်မှတဆင့်ခေါ်ဆောင်လာပြီး  ဖန်ငါခရိုင် သကွန်ပါမြို့ နှင့်  ဖူကတ်မြို့တို့ကိုသွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်သမားများ က မြို့အလိုက် 
ပို့ဆောင်ခ ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ ထိကို နေရာရောက်ပါက ပေးရမည်ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်စူခ်ဆမ်ရာရဲစခန်းသို့ လွှဲပြောင်းပို့ထားကြောင်းသိရှိရသည်။
#YMG/LW #Yangon_Time