#Local_New
Published 1 February 2024

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း  အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တည်ဆောက်လျက်ရှိသည့် ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံကိုလာမည့်သင်္ကြန်ပွဲတော် တွင် အသုံးပြုနိုင်ရန်အတွက် အချိန်မီတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။

အဆိုပါ ရေဂါလံ (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျား ၈၀ပေ၊ အနံ ၄၀ပေ၊ အနက် ၁၁ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ၄၀ပေ၊ အနံ ၁၈ပေရှိပြီး 30 HP (22kW) စက် (၄) လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသိုလှောင်မည် ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုခြင်းအပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်မည်ဖြစ်ရာ မကြာမီကျ‌ရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်‌ ရေသဘင်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရေး အချိန်မီတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/LW #Yangon Time