၁၃ ဇန်နဝါရီ ၂၀၂၄

ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီး စော်ကားနေသည့် MNDAA အပါအဝင် ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် က မြန်မာတစ်နိုင်ငံလုံးရှိမြို့ကြီးအများအပြားတွင် ကျင်းပခဲ့ကြပါတယ်။

အဆိုပါမြို့များအနက် ကော့သောင်း၊ထားဝယ်၊ကျိုင်းတုံ၊မိုင်းဆတ်၊မိုင်းဖြတ်၊နမ့်စန်၊နတ်မောက်၊ မိတ္ထီလာ၊ရမည်းသင်း၊တောင်တွင်းကြီး၊ ပြည်၊သရက်နှင့် ၊ဇမ္ဗူသီရိ(နေပြည်တော်)မြို့နယ်များတွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်နေပုံများကိုစုစည်းတင်ပြပါသည်။  (Photo Credit MOI)