Published_ 13 January 2024

၂၀၂၃ခုနှစ် အတွင်းငပလီသို့ ခရီးသွားဧည့်သည် ရှစ်သောင်းကျော်ဝင်ရောက်ထား‌ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ငပလီကမ်းခြေဒေသသို့ ၂၀၂၃ဇန်နဝါရီမှဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့် သည် ၈၁၆၀၉ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၂၉၈၁ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင် ရောက်ခြင်းသည် ၂၀၂၂ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၇၄၁၀ဦးပိုမိုဝင်ရောက်ထားကြောင်းနှင့် ယခုနှစ်ဆန်းပိုင်း၌လည်း ယမန်နှစ်ကာလတူထက် ပိုမိုဝင်ရောက်မှု များပြားနေကြောင်းသိရသည်။

ငပလီ ကမ်းခြေသည် ရခိုင်ပြည်သံတွဲမြို့နယ် တွင်တည် ရှိပြီး ကမ်းခြေ၌အပန်းဖြေခြင်းများအပြင် ပုလဲကျွန်း၊မီးပြတိုက်၊တံငါရွာများသို့သွားရောက်လေ့လာနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News