၁၂ ဇန်နဝါရီ ၂၀၂၄

မြန်မာတပ်မတော်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ချက်ခြင်းရပ်စဲရန် သဘောတူညီချက် ရရှိခဲ့ကြပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရရှိသူ မောင်နင်းက ယနေ့ ဇန်နဝါရီ ၁၂ ရက်က အတည်ပြုပြောဆိုပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းတွင်ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ အမေးအပေါ် ပြောရေးဆိုခွင့်ရသူ မောင်နင်းက ယင်းကဲ့သို့အတည်ပြုပြောကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာဇန်နဝါရီ ၁၀ရက်မှ ၁၁ရက်အထိ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နှင့် AA တို့ရဲ့ ကိုယ်စားလှယ်များအကြား တရားဝင်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ကြတာဖြစ်တယ်လို့ မောင်နင်းကပြောပါတယ်။

နှစ်ဘက်ဟာ ချက်ခြင်းအပစ်အခတ်ရပ်စဲဖို့နှင့် တိုက်ပွဲတွေရပ်တန့်ဖို့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် နယ်စပ်မှာနေထိုင်ကြတဲ့တရုတ်နိုင်ငံသားတွေ၊တရုတ်စီမံကိန်းတွေနှင့် မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေကို အန္တရာယ်မဖြစ်စေဖို့ နှစ်ဘက်လုံးက ကတိပြုခဲ့ကြတဲ့အပြင် အပစ်အခတ်ရပ်ရေးသဘောတူညီချက်  နှင့်အခြားအရေးကိစ္စတွေကိုလည်း ညိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို မောင်နင်းက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာအပစ်အခတ်ရပ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်လို့သူမကပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းရာလည်းရောက်တယ်လို့သူမကပြောပါတယ်။

သဘောတူညီမှုရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေက စိတ်ထက်သန်စွာနှင့် အကောင်အထည်ဖော်ကာ တစ်ဖက်နှင့်တစ်ဖက် အစွမ်းကုန်သည်းခံကြပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာစေ့စပ်ဆွေးနွေးခြင်းဖြင့်ဖြေရှင်းလျက် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးတိုးတက်မှုကို အတူတကွမြှင့်တင်ကြလိမ့်မယ်လို့ တရုတ်နိုင်ငံက ယုံကြည်မျှော်လင့်တယ်လို့လည်း မောနင်းကပြောပါတယ်။

တရုတ်နိုင်ငံအနေနှင့်လည်း ယခုကိစ္စတွေမှာ တတ်စွမ်းသမျှကူညီပံ့ပို့းမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်သွားမယ်လို့လည်း သူမကပြောဆိုတဲ့အကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

-ymg/knl