Published 12 January 2024

  ချင်းပြည်နယ် ဂန့်ဂေါမြို့တွင် အင်အားအသင့်တင့်ရှိသည့်  မြေငလျင် လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန က  ထုတ်ပြန်ထားသည်။

 ယနေ့   ဇန်နဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ဘက် (၂၈) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂန့်‌ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၀၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News