Published 9 january 2024

ဒီဇင်ဘာလ(၃၁)ရက်မှ ဇန်နဝါရီလ(၇)ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိရသည့် COVID-19ဓာတ်ခွဲအတည်ပြုလူနာ (၄၈)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ(၉)ရက်တွင်ထုတ်ပြန်သည်။

ကိုဗစ်ပိုးတွေ့ရသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး စုစုပေါင်း(၃၆)ဦးတွေ့ရှိခဲ့ကြောင်းနှင့် မင်္ဂလာဒုံမြို့နယ်၊ဗဟန်းမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့သူအများဆုံးရှိခဲ့သည်။

ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ကိုဗစ်ပိုးတွေ့သူများ တွေ့ရှိရကြောင်းသိရသည်။

ဒီဇင်ဘာလ(၂၄)ရက်မှဒီဇင်ဘာလ(၃၁)ရက်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း(၂၆)ဦးတွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းတွင် (၂၁)ဦးတွေ့ရှိကာအများဆုံးဖြစ်ခဲ့သည်။

ကိုဗစ်ဖြစ်ပွားမှုများရှိလာသည့်အတွက် နှာခေါင်းစည်းများတပ်ခြင်း၊ကာကွယ်ဆေးထိုးခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်းများပြန်လည်ဆောင်ရွက်ရန်လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက နှိုးဆော်ထားသည်။
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News