Published 9 January 2024

  မင်းဘူးမြို့  မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင် ပြီး ၆၄ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ထံ က သိရသည်။ 

  မန်းရွှေစက်တော်ဘုရားပွဲတော်ကို ယခင်က နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လေ့ရှိသော်လည်း ယခု နှစ်အတွင်း   မြန်မာလဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို ၆၄ ရက်သာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

  အဆိုပါ ဘုရားပွဲ ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း ၈၀၀ ခန့်နှင့် ဈေးဆိုင်ခန်း ပေါင်း ၄၀၀ ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပြုသွား မည်ဖြစ်သည်။

  ပွဲတော်ကျင်းပ နိုင်ရန် အတွက် မန်းရွှေစက်တော်ဘုရားသွားရာ (၃) မိုင်အဝင် လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်ဆောင်ရွက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ (၃)မိုင်လမ်းတစ်လျှောက် Flower Box ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် Box Culvert တံတားငယ်နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း များကို လုပ်ဆောင်နေကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News