Published-9 January 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဆင့်မြင့်ငါးဈေးစီမံကိန်းပထမအဆင့်တည်ဆောက်ရေးအတွက် နိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်စည်ပင်
သာယာရေးအဖွဲ့မှ ဖိတ်ခေါ်ထားသည်။

အဆိုပါ အဆင့်မြင့်ငါးဈေး တည်ဆောက်ခြင်းစီမံကိန်းအတွက် နိုင်ငံသားလုပ်ငန်းရှင်/ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ယင်းအဆိုပြုလွှာမှာ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ မြေဧရိယာ ၄.၀၆ ဧကပေါ်တွင် တည်ဆောက်မည့် စီမံကိန်းပထမအဆင့်ကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စိတ်ဝင်စားသည့် နိုင်ငံသားတိုင်း တင်သွင်းခွင့်ရှိ‌ကြောင်းကြေညာထားသည်။

တင်ဒါခေါ်ယူမှုနှင့် စပ်လျဉ်းပြီး ယှဉ်ပြိုင်သည့် ကုမ္ပဏီမှသာ သိစေအပ်သည့် အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက်တင်ပြမှုနှင့် လျှောက်လွှာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပြုလျှောက်လွှာများကို ဇန်နဝါရီလ ၉ ရက်မှ ၂၅ ရက်အထိ နံနက် ၉နာရီခွဲ မှ ညနေ ၄ နာရီအထိ တစ်စောင်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာလျှောက်လွှာ များကိုဇန်နဝါရီလ ၃၀ ရက်နေ့တွင်နောက်ဆုံးတင်သွင်းရမည် ဖြစ်သည်။

အဆိုပြုလွှာတင်သွင်းသူများထံ အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးမည်ဟု ဆိုထားပြီး အသေးစိတ်အချက်အလက်များကို မွန်ပြည်နယ်စည်ပင်သာယာရေးရုံးအဖွဲ့သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၉-၅၂၃၂၂၅၂ နှင့် ၀၉-၄၂၀၇၀၁၉၆၀ တို့ကိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News