၈ ဇန်နဝါရီ ၂၀၂၄

ဦးစီးချုပ်(ရေ)အဖြစ်မှ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ကို  အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။

ယနေ့ ဇန်နဝါရီ (၈)ရက်ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၄/၂၀၂၄အရ ယင်းကဲ့သို့တာဝန်ပေးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန့်အပ်ခြင်းဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြ ထားပါတယ်။

ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးတာဝန်ယူထားတဲ့ နစကအဖွဲ့ဝင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေရာတွင် အစားထိုးခန့်အပ်လိုကတာဖြစ်တယ်လို့လည်း အမိန့် အရသိရပါတယ်။

-ymg/knl