၈ ဇန်နဝါရီ ၂၀၂၄

ကာကွယ်ရေးဦးစီးချုပ်‌(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။

၂၀၂၄ခုနှစ် ဇန်နဝါရီ (၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၃/၂၀၂၄မှာ ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၍ဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါအမိန့်အရ   ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)တို့တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။

ဦးကိုကိုလှိုင်နှင့် ဦးအောင်နိုင်ဦးတို့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးများအဖြစ်မှ နစကဥက္ကဋ္ဌ  ရုံး    ဝန်ကြီးဌာန ဝန်ကြီးများအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခံရခြင်းဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးတွေနေရာမှာ အစားထိုးခန့်အပ်မှုကိုတော့ မတွေ့ရှိရ သေးဘဲ ရှိပါတယ်။

ဦးစီးချုပ်(ရေ)နေရာကိုလည်းလက်ရှိစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကိုခန့်ထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး တပ်ရာထူးအပြောင်းအလဲများကို သတင်းထုတ်ပြန်ကြေညာလေ့မရှိကြောင်းသိရပါတယ်။

-ymg/knl