Published 4 January 2024

    ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၈၆/၆)နှင့် (၂၈၆/၇)အကြားတွင် ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများထဲ မှ ၃ဦး ေ-သ ဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ မှ သိရသည်။

 ဇန်နဝါရီ ၄ရက် နံနက် ၇နာရီ ခွဲ အချိန် က ုဖစ်ပွားခဲ့ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါဖြစ်စဉ်ကြောင့်  သံဃာ(၂)ပါး၊ ကျား(၂)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၅)ဦးအနက်  မှ သံဃာ(၁)ပါး၊ ကျား(၁)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၃)ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။

  ထိခိုက် ဒဏ်ရာ ရသူ များ နှင့်ေ-သဆုံးသူများကို 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News