၄ ဇန်နဝါရီ ၂၀၂၄

နစက သည် နိုင်ငံသားအကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦတို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်များထုတ်ပြန် ကြေညာခဲ့ပါတယ်။

အမိန့်အမှတ်၁/၂၀၂၄တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထု  နှလုံး  စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသော်အားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊  အချုပ်ထောင်၊စခန်းအသီးသီးမှာ  ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦး တို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။

အမိန့်အမှတ်၂/၂၀၂၄အရ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေ့ရှုသောအားဖြင့်လည်းကောင်း လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်း  ကောင်း၊အကျဉ်းထောင်၊အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ်လိုက်ကြောင်း သိရှိရပါတယ်။

-ymg/knl