Published_3 Jan 2024

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေ တီတော် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူး တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော်မြတ် ၄ ဆူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက် အရ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ခန့် ညောင်ရမ်း ခေတ်တွင် တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခရတနာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာလောက ၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော် ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း နေပန်လပန် ရှေးဟောင်းစေတီတော်မြတ် ၄ ဆူအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင် မွမ်းမံတည်ထားပူ ဇော်ပြီးစီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group