Published_3 Jan 2024

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့်အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယနေ့ ဇန်နဝါရီလ ၃ ရက် က ဗိုလ်လု ယှဉ်ပြိုင်က စားကြ ရာ ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်း နှင့် ဘဏ္ဍာ ရေးဝန် ကြီး ဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက်ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဦးဆောင်နိုင်ခဲ့သော် လည်း ပွဲချိန် ၄၂ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန် တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ဒုတိယပိုင်းပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲ စလျင် စချင်း ၄၇ မိနစ်၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက်အ ပြန် အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ကျန်ရှိသည့် ပွဲကစားချိန်အတွင်း အနိုင်ဂိုး ရရှိရေး ရေကုန် ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေရလာဒ်ဖြင့်သာ ပွဲပြီး ဆုံးခဲ့ရသဖြင့် အချိန် ပိုပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။

အချိန်ပို မိနစ် ၃၀ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန် ကြီး ဌာနအသင်းက ၁၈ ကိုက်စည်း အပြင်ဘက်မှ အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုးပြန် လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲကစားချိန်များပြီးဆုံးချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ၄ ဂိုး - ၃ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရ ရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေး အပ်ချီး မြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြ သည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာ ရွှေ၊ ဒေါက်တာမှုထန် နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အသင်း လိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင်ဒုတိယဗိုလ် ချုပ် ကြီး ညိုစော ကလည်း ကောင်း၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့် က လည်း ကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီး မြှင့် ကြကြောင်းသိရသည်။

အလားတူ ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကိုကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လည်း သိရ သည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group