#Local_News
Published 2 January 2024


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂ရက် မနက်၁၁နာရီ ၂ မိနစ်ဝန်းကျင်ခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၅၈ရပ်ကွက် ဦးဘဉာဏ်လမ်း၊ သိမ်ချောင်းလမ်းဆုံရှိ REMEMBER BAR စားသောက်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

အဆိုပါဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမီးလောင်ကျွမ်းမှုသည် မနက် ၁၁နာရီ ၇မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းသည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှု တန်ဖိုး များကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #စားသောက်ဆိုင်တစ်ဆိုင် #မီးလောင်ကျွမ်းမှုဖြစ် #YMG/LW #Yangon_Times