#Local_News
Published 2 January 2024


ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း သင်္ဘောအစင်းရေ ၆၀၀ ကျော် ဝင်ရောက်ဆိုက်ကပ်ခဲ့ကာကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်ကုန်သွယ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ ဩဂုတ်လတွင် ၅၄ စင်း၊ စက်တင်ဘာလတွင် ၅၃ စင်း၊ အောက်တိုဘာလတွင် ၄၉ စင်း၊ နိုဝင်ဘာလတွင် အစင်း ၅၀ နှင့် ဒီဇင်ဘာတွင် ၄၉ စင်း စုစုပေါင်း ၆၂၉ စင်း ဆိုက်ကပ် ကုန်သွယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက်အလက်များအရ သိရသည်။

 

နိုင်ငံတကာသင်္ဘောလိုင်းများဖြစ်သည့် Sealand Maersk Asia သင်္ဘောလိုင်း၊ SITC သင်္ဘောလိုင်း၊ MSC သင်္ဘောလိုင်း၊ Samudera သင်္ဘောလိုင်း၊ Ever Green သင်္ဘောလိုင်း၊ P.I.L သင်္ဘောလိုင်း၊ BLPL သင်္ဘောလိုင်း၊ RCL သင်္ဘောလိုင်း၊ Land and Sea သင်္ဘောလိုင်း၊ CMA-CGM သင်္ဘောလိုင်း၊ COSCO သင်္ဘောလိုင်း၊ I.A.L သင်္ဘောလိုင်း၊ ONE သင်္ဘောလိုင်း၊ Ti2 Container သင်္ဘောလိုင်းနှင့် BAY သင်္ဘောလိုင်းတို့ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီအတွက် ကုန်သေတ္တာသင်္ဘော အစင်းရေ ၄၉ စင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များကို အသိပေးထားသည်။

 

ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ အလျားမီတာ ၂၀၀၊ တန်ချိန် ၃ဝဝဝ ရှိသည့် အပြည်ပြည်ဆိုင်ရာကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှလည်း အလျားမီတာ ၂၅ဝ၊ တန်ချိန် ၃၅ဝဝ ရှိသည့် အပြည်ပြည်ဆိုင်ရာကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၁၉ စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းလည်း သိရသည်။

 

#Local_News #သင်္ဘောအစင်းရေ၆၀၀ #ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်ဆိုက်ကပ် #YMG/LW #Yangon_Times