#Local_News
Published 2 January 2024


ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်နေ့က အင်အားပြင်းသည့်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရာ အကူအညီလိုအပ်ပါက မြန်မာသံရုံး၊တိုကျိုမြို့သို့ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံးကအသိပေးထုတ်ပြန်ကြေညာထားသည်။

 

၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ရက်က အင်အားရစ်(ခ်)တာ စကေး (၇ ဒသမ ၆)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ ပြီး နောက်ဆက်တွဲအနေဖြင့် Niigata, Toyama, Yamagata, Fukui, Hyogo ပြည်နယ်များနှင့်တကွ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်အား ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ယင်းဒေသများတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထားသည်။

 

ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက မြန်မာသံရုံး၊ တိုကျိုမြို့၏ Hot Line ဖုန်း ၀၇၀-၄၄၁၃-၇၃၈၃ သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း သိရသည်။

 

#Local_News #ဂျပန်တွင်ဆူနာမီသတိပေးချက်ထုတ်ပြန် #မြန်မာသံရုံးသို့ဆက်သွယ်နိုင် #YMG/LW #Yangon_Times