Published-31 December 2023

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲ လာရောက်သူများ အပြန်အဆင်ပြေစေရေးအတွက် YBS ယာဉ်များကို ည (၁၂)နာရီ အထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC ထံမှ သိရသည်။

2024 Yangon New Year Countdown ပွဲတော်ကို ဒီဇင်ဘာ လ ၃၁ ရက်၊ ညနေ (၆)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

2024 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့ ဖျော်ဖြေမည်ဖြစ်ပြီး မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမွ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group