Published 31 December 2023
 
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်း ရှိ ဟိုတယ် နိုဗယ် တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ က သိရသည်။

  ဒီဇင်ဘာ ၃၀ရက် ည ၈နာရီ ၅၁မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး  ဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့ က ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၉နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

  အဆိုပါ မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှု တန်ဖိုး များ ကို သက်ဆိုင်ရာ မှ စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group