Published_31 December 2023

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ညီလာခံသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

ညီလာခံတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa တို့က အမှာစကားပြောကြားပြီး အာရှဘောလုံးအဖွဲ့ ချုပ်အကြီးတန်းဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြပါတယ်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်းများနှင့်ဘဏ္ဍာရေး အခြေအနေများအား ရှင်းလင်းတင်ပြပါတယ်။

၂၀၂၃ ခုနှစ် ငွေစာရင်းရှင်းလင်းချက်အရ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ စိုက်ထုတ်ငွေ အမေရိကန်ဒေါ်လာ ၁၈၂၅၅၃၃ အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးငွေ အမေရိကန် ဒေါ်လာ ၁၈၅၇၈၈၄၊ အာရှဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၆၀၉၉၀၆၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၉၂၅၉၀၊ ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၂၂၃၂၄၊ စပွန်ဆာနှင့် အခြားဝင်ငွေ အဖြစ် အမေရိကန်ဒေါ်လာ ၇၁၁၈၂၈ ဖြင့် ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၁၇၄၈၀ ဖြစ်​ပါတယ်။
လည်ပတ်သုံးစွဲငွေ စုစုပေါင်းမှာအမေရိကန် ဒေါ်လာ ၆၁၈၃၇၃၄ ဖြစ်သော ကြောင့် လိုငွေ အမေရိကန်ဒေါ်လာ ၆၆၆၂၅၅ ရှိ​ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းနှင့်ပတ်သက်၍ ပြင်ပ စာရင်းစစ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာအား JF Group (Audit Firm) မှ Managing Partner ဦးဝမ်တင်က ရှင်းလင်းတင်ပြပါတယ်။
ယင်း နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်းများ Statutes of Myanmar Football Federation [Edition – 2023] နှင့်စပ်လျဉ်း၍ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ဆက်လက်ရှင်းလင်းတင်ပြသည ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြချက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ် အမှုဆောင်ရွေးကောက်ပွဲအားလာမည့် ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထည့်သွင်းကြေညာပါတယ်။

ညီလာခံတွင် ၂၀၂၄ ခုနှစ် အတွက် ရငွေ/သုံးငွေ ကြိုတင် ရေးဆွဲခြင်းကို ရှင်းလင်းတင်ပြ ခြင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် အတည်ပြုချက်များ ရယူခြင်းစသည့် ကွန်ဂရက်အစီအစဉ် များကို ဆက်လက်ကျင်းပခဲ့ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။
ymn_mnn
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group