Published 26 December 2023

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။

  အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော  ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အာထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။

  ထို့ပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ နံနက်  ၁၀နာရီခွဲ  မှ နေ့လည် ၂နာခွဲ အထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။

  ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ကာ  အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group