Published 26 December 2023

  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၅၂)ရပ်ကွက်၊ အောင်သပြေ(၃)လမ်း ရှိ နေအိမ် အနီး ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက် အရ သိရသည်။ 

   ဒီဇင်ဘာ (၂၅) ရက်၊ ည (၁၀)နာရီ (၅၀) မိနစ်အချိန်ခန့်ကအဆိုပါနေရာတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၅၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်သည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်နှင်​ဆုံးရှုံးမှုတန်ဖိုး တို့ကို  မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group