၁၈ ဒီဇင်ဘာ ၂၀၂၃

မြန်မာသင်္ဘောသားများအလုပ်လုပ်နေတဲ့ ဘူဂေးရီးယားပိုင် The Ruen သင်္ဘောသည် ဒီဇင်ဘာ ၁၅ရက်က ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်တွင်ခုတ်မောင်းနေစဉ် အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ NAVIBULGAR သင်္ဘောကုမ္ပဏီက သတင်းထုတ်ပြန်ကြောင်း နိုင်ငံတကာသတင်းမီဒီယာ တွေက သတင်းရေးသားကြပါတယ်။

အဆိုပါသင်္ဘောဟာ ယီမင်းနိုင်င်ံ ဆိုကိုထရာကျွန်းရဲ့ အရှေ့ဖက် ရေမိုင်၃၈၀ခန့်အရောက်မှာ အဆိုပါသင်္ဘောနှင့် အဆက် အသွယ် ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

သင်္ဘောပေါ်မှာ သင်္ဘောသား ၁၈ ဦးလိုက်ပါသွားပြီး ဘူဂေးရီးယားနှင့် မြန်မာသင်္ဘောသားတွေဖြစ်ကြတယ်လို့ပြောပါတယ်။ သို့သော် မြန်မာသင်္ဘောသား ဘယ်နှစ်ဦးလိုက်ပါသွားတယ်ဆိုတာကိုတော့ သတင်းတွေမှာဖော်ပြမထားပါဘူး။

သင်္ဘောဟာ တောင်ကိုရီးယားမှထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့မှာ စင်္ကာပူမှာ ခရီးတစ်ထောက်ဆိုက်ကပ်ခဲ့တာဖြစ်ပြီး တူရကီနိုင်ငံ ဂမ်လစ်မြို့မှာ နောက်ဆုံးဆိုက်ကပ်ဖို့ရှိတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါသင်္ဘောပျောက်ဆုံးနေမှုနှင့်ပတ်သက်လို့ သင်္ဘောကုမ္ပဏီက နိုင်ငံတကာအဖွဲ့အစည်များနှင့်ဆက်သွယ်ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။ The Ruen  သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတာဖြစ်နိုင်တယ်လို့လည်း အချို့ သတင်းတွေမှာ ရေးသား ထားပါတယ်။

-ymg/knl