Published_18 Dec 2023

တပ်မတော်သားဆရာဝန် စစ်သည်တော်များအနေဖြင့် ဆေးပညာဖြင့်သာမက လုံခြုံရေးသတိ၊ နိုင်ငံရေး အသိမှန်ဖြင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက်က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သားဆရာဝန် စစ်သည်တော်များအနေဖြင့်လက်တွေ့ နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ တပ်မတော်သားဆရာဝန် စစ်သည်တော် ကောင်းများပီပီ မိမိတတ်ကျွမ်းသည့် ဆေးပညာဖြင့်သာမက လုံခြုံ ရေးသတိ၊ နိုင်ငံရေး အသိမှန်များဖြင့် မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြားလို ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်သားဆရာဝန်များဖြစ်သကဲ့သို့ စစ်ဘက်ခေါင်းဆောင်ငယ် များလည်းဖြစ်သည့်အတွက် မိမိကိုယ်ကို ခေါင်းဆောင်မှု အရည်အချင်းနှင့်ပြည်စုံနေအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန် သည့်ခေါင်းဆောင်မှုပေးပြီး မိမိ တပ်ဖွဲ့ဝင်များနှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေ ပွန်အောင် ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သော ဆေးသိပ္ပံပညာရပ်နှင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကု သမှုလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားကြရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးသိပ္ပံ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး သုတေသနပြုပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်သည့် ဆေးပညာရှင်ဆရာဝန် အရာရှိကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင် သွား ကြရန်၊ တာဝန်ကျရာတပ်၊ ဒေသအသီးသီးတွင် တာဝန်ကျေပွန်ပြီး မိမိတို့တတ်ကျွမ်းသည့် ဆေးပညာနှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအပြင် နိုင်ငံတော်တည် ဆောက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် တပ်မတော်သား ခေါင်းဆောင်ငယ် ဆရာဝန်ဆေးမှူး များဖြစ်သဖြင့် မြင့်မြတ်သည့်စိတ်ထား၊ ကူညီရိုင်းပင်းသည့် နှလုံးရည်၊ ကြံ့ခိုင်သည့်ရဲစွမ်း သတ္တိများ ပြည့်စုံပြီး နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားထားရသည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက် သွားကြရန် လည်း ယင်းက မှာကြားခဲ့ကြောင်း သိရသည်။

ယခုအခါ တေပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးခဲ့ရာ တွင် ကျောက်ကပ်အစားထိုး ကုသနိုင်သည့် ဆေးရုံ ၄ ခု၊ အသည်းအစားထိုးကုသနိုင်သည့် ဆေးရုံ ၁ ခု၊ နှလုံးရောဂါရှာဖွေခြင်းနှင့် သွေး ကြော ချဲ့ကုသ နိုင်သည့်ဆေးရုံ ၄ ခု၊ နှလုံး ခွဲစိတ်ကုသနိုင်သည့် ဆေးရုံ ၂ ခု၊ အစာအိမ်အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ခွဲစိတ် ကုသနိုင်သည့်ဆေးရုံ ၅ ခုအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် ကျောက်ကပ် အစားထိုးလဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်ခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက် နှင့်ရင်ခေါင်း ခွဲစိတ်ကုသခြင်းများကို တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစုဝင် များသာမက အရပ်သားပြည်သူများကိုပါ အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Published_ 18 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group