#Local_News
Published 27 November2023


ဗိုလ်တထောင်စေတီတော်၌(၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

အဆိုပါ အခမ်းအနားကို " နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဉီးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းမှ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးပြီး (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ အခမ်းအနားကို "ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဉီးစိုးသိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ထွန်းလူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး၊ ဉီးဗိုလ်ဌေး ၊ သယံဇာတရေးရာဝန်ကြီး၊ ဉီးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ၊ ဉီးမောင်မောင်သန်း၊ အတွင်းရေးမှူး ဉီးညီညီမင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ဒုတိယပါချုပ်( စီမံ) ဉီးစိန်မော်နှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။

 

ထို့‌‌နောက် မသိုးသင်္ကန်းအလှူရှင်များမှလည်း မိမိတို့၏ရက်ကန်းစင်များရှေ့တွင် ရက်ကန်းစင်တော်များအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ရက်ခတ်ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရက်ကန်းစင်တော် တစ်စင်လျှင် ကျပ် ( ၁၀၀၀၀၀/)( ကျပ်တစ်သိန်းတိတိ) ဖြင့် စင်တော် ( ၂၄) စင်အတွက် ကျပ် ( ၂၄၀၀၀၀၀/) ( ကျပ် နှစ်ဆယ့်လေးသိန်းတိတိ) အား ဆုချီးမြှင့် ကြောင်းသိရသည်။

 

#Local_News #ဗိုလ်တထောင်စေတီတော် #မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် #YMG/ NN #Yangon_Times