#Local_Sport
Published_ 27 November 2023


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့်  ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA) ပူးပေါင်းစီစဉ်သည့်  Football Coaching Seminar 2023 ကို လာမည့် နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ Seminar ကို JFA  Deputy Technical Director Mr. Ono Takeshi၊ JFA Physical Fitness Project Leader Mr. Kanno Atsushi နှင့် JFA Secretariat member Mr. Fukushima Hirotaka တို့က နည်းစနစ်ပိုင်းဆိုင်ရာများ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အမျိုးသမီး/အမျိုးသား အသင်းများမှ နည်းပြဆရာများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် လိဂ်-၂ မှ နည်းပြဆရာများ၊ အမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများ၊ ရန်ကုန်၊ မန္တလေးဘောလုံးအကယ်ဒမီများမှ နည်းပြဆရာများ တက်ရောက်ကြမည်။

 

ဂျပန် ဘောလုံးအဖွဲ့ချုပ် သည်မြန်မာ့ ဘောလုံး အဆင့်အတန်းမြင့်မားရေး အစီအစဉ်အဖြစ် ယင်းအလုပ်ရုံဆွေးနွေးပွဲကို လာရောက်ကျင်းပခြင်းဖြစ်သည်။

 

#Local_Sport #ဂျပန်ဘောလုံးအဖွဲ့ချုပ် #မြန်မာနည်းပြများထံမျှဝေ #JFA_Seminar #Yangon_Times #YMG_News