၁၆ နိုဝင်ဘာ ၂၀၂၃

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့်တောင်းယူမှုများကို အားပေး ကူညီခြင်းများကို ကျူးလွန်နေသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဝရမ်းဆင့်ထုတ်ထားရာတွင် အဆိုပါ(၄)ဦးအနက် မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း နှင့် မြီကျိန်းကျိန် (၃)ဦးးတို့ကို (၁၆-၁၁-၂၀၂၃) ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါဖမ်းမိတရားခံ(၃)ဦးကို တရားဥပဒေအရအရေးယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လွှဲပြောင်းပေးနိုင်ဖို့ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းတွင်ဖော်ပြထားပါတယ်။

မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန် (၄)ဦးးတို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့တာဖြစ်ပါတယ်။

-ymg/knl