၁၆ နိုဝင်ဘာ ၂၀၂၃

ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း   ထုတ်ပြန်ချက် အရသိရပါတယ်။

“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ်  ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့်   တောင်းယူမှုများ  ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ)  ဦးပယ်စောက်ချိန်  (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

-ymg/knl