၁၄ နိုဝင်ဘာ ၂၀၂၃

အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်  နစက ကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်  ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား ၁၄-၁၁-၂၀၂၃ ရက်နေ့ ၁၀၀၀ နာရီတွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံစဉ် “ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း” ဖြင့် နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl