Published 15 November 2023

  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၀)နှင့်(၁၁၇/၁)တွင် ယာဉ်တစ်စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲလမ်းလယ်ကျွန်း အုတ်တန်းအား ဝင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်း၏သတင်းထုတ်ပြန် ချက်အရ သိရသည်။

 နိုဝင်ဘာ ၁၅ရက် နံနက် ၈နာရီ ၄၅ မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၅ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

  အဆိုပါ ယာဉ်(၁)စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ များကို  ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group