Published_ 31 October 2023

ဝါရှင်တန်အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများနှင့် Associates of the American Foreign Service Worldwide (AAFSW) အသင်းတို့ပူးပေါင်း၍ အာဆီယံ ယဉ်ကျေးမှုနေ့အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ကျင်းပရာ ဝါရှင်တန်ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်၍ သံရုံးဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ယဉ်ကျေးမှုအနုပညာ အဆို၊ အက၊ အတီးတို့ဖြင့် ဖျော်ဖြေခြင်း ရိုးရာစားသောက်ဖွယ်ရာများဖြင့် တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ အာဆီယံသံရုံးများ၏ မိတ်ဖက်၊ လုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များကို ဧည့်ခံခဲ့ကြပါတယ်။

မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအကအဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အခမ်းအနားတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကိုလည်း တက်ရောက် လာသူများကို ပြသခဲ့တယ်။

အခမ်းအနားသို့ အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝါရှင်တန် အခြေစိုက် သံရုံးအကြီးအကဲများနှင့် သံတမန်များ (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
‌#Yangon_Times/mnn
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group