Published 31 October 2023

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် အတွင်း ရှိ မြနန်းစံကျော် ရွှေနန်းတော် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် အတွက် ဘုရင့်အသုံးဆောင် ပစ္စည်းများ ကို ပြန်လည်ခင်းကျင်းပြသ မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ထံ ကသိရသည်။

အဆိုပါ ဘုရင့်အသုံး ဆောင် ပစ္စည်းများ ပြန်လည် ခင်းကျင်း ပြသနိုင်ရန် အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိက များ က ယင်းရှေးဟောင်း ပစ္စည်းများ ကို သက်ဆိုင်ရာ အထောက်အထားနှင့် တကွ လာရောက် လှူဒါန်း နိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ထုတ်ပြန်ကြေညာထားသည်။

ထိုလာရောက်လှူဒါန်း သည့် ပစ္စည်း များ အနက်မှ ရှားပါး ပြီး တန်ဖိုး ကြီးမားသော ပစ္စည်းများ ကို စိစစ်ရွေးချယ်ပြီး အဆိုပါ ပစ္စည်းများ အတွက် ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
‌#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group