၇ အောက်တိုဘာ ၂၀၂၃

ဘန်ကောက်ရှိ  Siam Paragonဈေးဝယ်စင်တာတွင် အသက် ၁၄နှစ်အရွယ်လူငယ်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး ဒေါ်မိုးမြင့်၏ မိခင်ဖြစ်သူထံ သေနတ်သမားလူငယ်၏ ဖခင်ဖြစ်သူက ယနေ့အောက်တိုဘာ (၇)ရက် ညနေ ၆နာရီ ၄၅ မိနစ်က သွားရောက်ကာ ဒူးထောက်တောင်းပန်ခဲ့တယ်လိုထိုင်းမီဒီယာတွေကသတင်းတွေဖော်ပြခဲ့ပါတယ်။ ဒေါ်မိုးမြင့်၏မိခင်ဖြစ်သူထံ လူမှုကူညီငွေကို စာအိတ်ဖြင့်ထည့်၍ ပေးခဲ့သော်လည်း မိခင်ဖြစ်သူက လက်မခံခဲ့လို့သိရပါတယ်။ မိခင်ဖြစ်သူက “ သူမအနေနှင့်စိတ်ဆိုး၍မဟုတ်ကြောင်း၊ စာအိတ်ထဲက ပိုက်ဆံတွေကို သူ့သမီးရဲ့အသက်တန်ဖိုးနှင့် နှိုင်း ယှဉ်၍မရပါကြောင်းပြောဆိုခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

Source: Sanook