ပုဂံရွှေစည်းခုံဘုရား၌ ရေစီးရေလာကောင်းပြီး ရေမဝပ်အောင်ဆောင်ရွက်နေ

ရွှေစည်းခုံ ဘုရားရင်ပြင်တော်ပေါ်မှာ ရေဝပ်ရတဲ့အကြောင်းရင်းတွေကတော့ နေပူခံ ကျောက်ပြား အောက်ခြေရှိ ရေဆင်းပေါက်အရေအတွက် နည်းနေတဲ့အတွက် ရေစီးဆင်းမှုနဲ့မျှတမှုမရှိခြင်း၊ ရေဆင်းမြောင်းတွေ ပိတ်ဆိုနေခြင်း၊ တစ်ချိုရေစုကန်တို့မှာ ပိတ်ဆိုနေခြင်း၊ ရေစုကန်အရွယ်အစားသေးငယ်နေခြင်း၊ ရေစုကန်နဲ့ မြေသား ရေကန်တို့ ချိတ်ဆက်မှုမရှိဖြစ်နေခြင်းတို့ကြောင့် ဘုရားရင်ပြင်တော်ပေါ်မှာ ရေဝပ်ရခြင်းဖြစ်တာကို မြေပြင် တိုင်းတာမှုရလဒ်အရ သိရှိရပါတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Yangon_Times/tthl
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group